လူနေမှုဘဝပိုမိုတိုးတက်စေပြီး မိမိရဲ့သာယာလှပသောအနာဂတ်အတွက် ငွေကြေးကြိုတင်စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကူညီပေးသွားမည် ဟု Prudential Myanmar Insurance Company မှ Bancassurance Cluster Manager တစ်ဦးဖြစ်သူ မနီနီလွင် မှ ယနေ့မနက်ပိုင်း သြဂုတ်လ ၂၂ ရက်နေ့မှာ channel 34 news သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Prudential Myanmar သည် မြန်မာနိုင်ငံ၌ ၁၉၂၄ ခုနှစ်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ Yoma Bank နှင့် ပူးပေါင်းပြီး Bancasurance Channel အတွက် Financial Planning အကြံပေး တာဝန်ခံ (Bancassurance Associate)များကို ခန့်အပ်ထားရှိခဲ့တာပဲဖြစ်ပါတယ်။
ထို့ကြောင့် မိမိ၏အနာဂတ်ငွေကြေးစီမံမှုများအတွက် ဆွေးနွေးတိုင်ပင်လိုပါကလည်း 26လမ်း 87×88လမ်းကြား အောင်မြေသာစံမြို့နယ် မန္တလေးမြို့ မှာရှိတဲ့ Yoma Bank မှာ Prudential Myanmar မှ Bancassurance Cluster Manager မနီနီလွင် နဲ့ လာရောက်ဆွေးနွေးနိုင်ကြောင်း သိရှိရပါတယ်။