အပြုံးလှလှလေးနဲ့ ပုရိသ တို့အသဲခိုက်ကြွေဆင်းသွားအောင် ဖမ်းစား နိုင်သော Miss Universe Myanmar Soe Myat Nwe နဲ့ တောင်ကိုးရီးယာမင်းသားချော Park Bo Gum တို့ Date နေကြပြီ ဟု သတင်းတွေ ထွက်လာပြီး တဲ့နောက် ကိုယ်ပိုင် အေဂျင်စီများမှ သတင်းအမှားများသာဖြစ်သည်ဟု ငြင်းချက်ထုတ်ထားခဲ့ပါတယ် ။ သို့ပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က နှစ်ယောက်အတူ coffee date ခဲ့ကြပြီး ဆင်တူ လက်စွပ်လေး ဝတ်ထားတဲ့ ဓာတ်ပုံတွေ instagram မှာ တင်ထားခဲ့ကြပါတယ် ။
သတင်းမီဒီယာများရဲ့ interview များကို သက်ဆိုင်ရာ အေဂျင်စီများ က ငြင်းဆို ထားပါတယ် ။
Miss Universe Myanmar Soe Myat Nwe ဟာ EXO အဖွဲ့ မှ DO နဲ့ လမ်းခွဲပြီး ၆ လ ကြာသည့် တိုင်အောင် single ဘဝ နဲ့ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ် ။
Miss Soe Myat Nwe ရဲ့ Fan တွေ ကတော့ ယခုသတင်းအပေါ် မယုံကြည်နိုင်ကြဘဲ အသဲကွဲနေကြကြောင်း MBS သတင်းဌာန မှ စုံစမ်းသိရှိရပါတယ် ။