Mumble Rapper Kyamက Rapလောကသန့်ရှင်းစေချင်ပါက တောသားrapperတွေကိုနိမ်နင်းသင့်ကြောင်းပြောကြားလိုက်

Kyam ဆိုသည်မှာက Oni chan hentai သီချင်းကို DJ AlaZiMနဲ့အတူ ဖန်တီးရင် နာမည်ကြီးလာသူတဦးဖြစ်ပါသည်။ နှုတ်ခမ်းနီမလေးတွေကြားမှာရေပန်းစားနေတဲ့ Kyamက ကျနော်တို့ Fake’s News သတင်းစာတိုက်ကို အခုလိုပြောကြားလိုက်ပါသည်။ “Rapလောကကြီးကို တကယ်သန့်ရှင်းစေချင်ရင် တောသားrapperတွေကို အစိုးရအကူအညီယူပြီး နှိမ်နင်းသင့်တယ်။ 16ဘားပြည့်အောင်မဆိုနိုင်ပဲ rapဆရာကြီးဟန်ဆောင်တွေကိုအပြုတ်တိုက်သင့်နေပြီ။ ကျနော်လည်း တောမှာမွေးပြီး တောမှာကြီးတဲ့သူပါပဲ ဒါပေမယ့် ကော်ပီ သီချင်းတွေမဆိုဘူး ” လို့ပြောကြားထားပါတယ်။လက်ရှိမှာ ” ကခဂဃင ” အခွေထွက်ဖို့ရှိပြီး BLဇာတ်ကားအတွက် ဒါရိုက်တာလုပ်မည်ဟုလည်း သိထားရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *