Netflix ၏ လာမည့် အက်ရှင်ဇာတ်လမ်းတွဲ ‘EXTRACTION’ တွင်သရုပ်ဆောင် မင်းမျိုးသန့် ပါဝင်မည်ဟု နိုဝင်ဘာ ၆ ရက်တွင် မီဒီယာများက ဖော်ပြ သည်။
ယင်းဖော်ပြချက်ကို တုံ့ပြန် ခြင်းအဖြစ် ၎င်း၏အေဂျင်စီ Vista Wood က ‘EXTRACTION’ ဟာ မင်းမျိုးသန့် လက်ခံရရှိထားတဲ့ ကမ်း လှမ်းမှုတွေထဲက တစ်ခုပါ။ အဲဒီ ကမ်းလှမ်းချက်ကို လောလော ဆယ်မှာ သူက စဉ်းစားသုံးသပ်နေပါတယ်’’ ဟု မှတ်ချက်ပေးသည်။