Covid 19 ကာလမှာ ပါ၀ါရိန်းဂျားတေရှိတဲ့ အတွက် ဘာမှ စိတ်မပူဖို့ ပြောကြားခဲ့တဲ့ မြတ်မြတ်

ပါ၀ါရိန်းဂျားများအနေနဲ့ ယခုလိုအချိန်ကာလမှာ
အဘက်ဘက်မှ အခက်အခဲများကို ရင်ဆိုင်နေရပါတယ်။ သို့ပေမယ့် ကျွန်ုပ်တို့အနေနဲ့ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် ရင်ဆိုင်ဖြေရှင်းပေးသွားမှာပါ။ ပါ၀ါရိန်းဂျားများ ဗဟို အစည်းအရုံးမှာလည်း ပြည်သူပြည်သားများကို ကာကွယ်ပေးရန်အတွက် ပါ၀ါရိန်းဂျားတစ်ဦးချင်းစီတိုင်းအား ကိုယ်ကာယပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာများ မြှင့်တင်ပေးလျက်ရှိပါတယ်။
လာမယ့် ၂၀၂၁မှာကျင်းပမယ့် ဂြိုဟ်ပေါင်းစုံ စွမ်းအားပြိုင်ပွဲမှာလည်း “စကြာ၀ဠာ ရတနာ”ကို ရအောင် ယူပေးသွားမှာဖြစ်လို့ မိဘပြည်သူများအနေနဲ့ MOHSမှ ညွှန်ကြားချက်နားကို လိုက်နာပြီး အိမ်မှာပဲ ရောဂါမဖြစ်အောင် အေးဆေးနေကြပါ။ Rawr! လို့ ပါ၀ါရိန်ဂျား ဂျပုကောင် မြတ်မြတ်မှ ပြောကြားးသွားပါတယ်။