“ဆပ်ပလီဖူးစာ” ဆိုတဲ့ ဇာတ်ကားနဲ့ အောင်မြင်လာသူ ရုပ်ရှင်နဲ့video သရုပ်ဆောင် နှင်းယုခိုင် ကို Bollywood မှ စာချုပ်ချုပ်ဖို့ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။
နှင်းယုခိုင်ဟာ “ဆပ်ပလီဖူးစာ” အပြင် “လောင်မြိုက်ခဲ့ရသော BC ညများ”, “သွားခွဲခြင်းအနုပညာ”, “Botanyဌာနသို့အလည်တစ်ခေါက်” အစရှိတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တာပီပြင်တယ်ဆိုပြီး နာမည်ရလာသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒါ့အပြင် အခုလောလောလတ်လတ်ရုံတင်ပြီးဖြစ်တဲ့ “မမှားသော်လဲ မမှန်ခဲ့သူ” ရုပ်ရှင်ကားကြီးမှာ ဆရာမမှအထင်အမြင်လွဲတာခံရပြီး Canteen မှ အူယားဖားယားထပြေးရသူ ကျောင်းသူအဖြစ် သရုပ်ဆောင်ရာမှာ ပီပြင်လွန်းလွန်းလို့ အကယ်ဒမီဆန်ကာတင်တောင်ဝင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒီလို အရည်အချင်းပြည့်ဝတဲ့ တက်သစ်စ မြန်မာအနုပညာရှင်တစ်ယောက်ဟာ နိုင်ငံတကာကိုထိုးဖောက်နိုင်တော့မယ်ဆိုတဲ့သတင်းဟာ တကယ်ဝမ်းသာစရာပါ။ Bollywood မှ ကမ်းလှမ်းချက်ကို လက်ခံ မခံ ဆိုတာကတော့ နှင်းယုခိုင်ရဲ့ Facebook စာမျက်နှာမှာ ဘာမှမတင်ထားသေးပါဘူး။
နှင်းယုခိုင်ဟာ ဒါရိုက်တာ မေဆန်းအောင်(ဘူးကြီး) ရိုက်ကူးမယ့် “တိုတောင်းလွန်းသောအချစ်” ဇာတ်ကားကြီးမှာလဲ ဓာတ်ပုံဆရာလေးနဲ့ချစ်ကြိုးသွယ်မိသော မိန်းမပျိုလေးအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ်လို့လဲ ကြားသိရပါတယ်။