ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲရလာဒ်ကို အပြောင်းအလဲ ဖြစ်အောင် လုပ်သည်ဟု အာရှသားတစ်ဦးအား ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲ စည်းရုံးရေးမှူးမှ စွပ်စွဲသည်။
မစ်ချီဂန်နှင့် ဝစ္စကွန်ဆင်ပြည်နယ်များရှိ စာတိုက်မှ ရောက်လာသည့် ကြိုတင်မဲရေတွက်မှုများအပြီးတွင် အစောပိုင်း အခြေအနေကောင်းနေရာမှ ထရန့်အတွက် ရှုံးနိမ့်မည့် နိမိတ်များကြိုတင်မြင်လာရသည်။
အဆိုပါ ထရန့်ရှုံးနိမ့်ခဲ့ရသည့် ကြိုတင်မဲများ၏ နောက်ကွယ်၌ ဒီမိုကရက်များမှ ငှါးရမ်းထားသည်ဟု ကနဦးယူဆ ခံထားရသည့် အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံမှ မျက်နှာဖောင်းဖောင်းနှင့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဖြင့် ရုပ်ချင်းဆင်တူသည့် လူတစ်ဦးရှိနေခဲ့သည်။
ဒေါ်နယ်ထရန့်၏လက်ထောက်တဖြစ်လဲ သမီးဖြစ်သူ အိုင်ဗန်ကာထရန့်နှင့် မော်လဒိုက်ကျွန်း၌ ဖြစ်ပွါးခဲ့ဖူးသော ရန်ငြိုးတစ်ခုပေါ်တွင် မကျေလည်၍ ယခုကဲ့သို့ လက်တုံ့ပြန်သည်ဟု ကနဦးသတင်းများအရ သိရှိရပါသည်။