ရွာပြန်မပြန်ချင်သော သမီးမိုက်

မြစ်ငယ်မြို့ကလေး အနီး တစ်ဝိုက်ရှိ ရွာငယ်ကလေးမှ အမျိုးသမီး တစ်ဦး သည် မန်းလေး မြို့သို့ ပထမဦးဆုံး အကြိမ် ရောက်ဖူးသည့် အချိန်မှစ၍ ရွာသို့
မပြန်လိုတော့ပေ ၊ အကြောင်းရင်းအား သူမကို မေးမြန်းကြည့်ရာ သူမနေထိုင်ရာ ရွာတွင် လျှပ်စစ်မီး မရှိခြင်း ၊ ရေကူးကန် ဟူ၍ ရေဆိုးမြောင်းများ စီးဝင်နေသည့် ချောင်းသာ ရှိခြင်း ၊ အထူးသဖြင့် ဖုန်းအားသွင်းရာတွင် နေ့အခါ ဆိုလာပြားများဖြင့်သာ သွင်း၍ရခြင်း ၊ ကလပ် ဟူ၍ ဆွမ်းကလပ်သာ ရှိခြင်း၊ ဘား ဟူ၍ ကြားပင်မကြားဖူးခြင်း တို့ကြောင့်ဟုဆိုသည် ၊ သူမသည် မန္တလေး မြို့ကြီးတွင် နေရသည် မှာ သူမ ဘဝတွင် အလွန်ပျော်ကြောင်း ၊ ရွာသို့ လုံးဝ ပြန်မလာနိုင်ကြောင်း မိဘဖြစ်သူများထံ အကြောင်းကြားရာမှ မိဘများသည် မြို့သို့ တက်လာပြီး သတင်းစာထဲတွင် အမွေပြတ် ကြေညာခဲ့ခြင်းဖြစ်သည် ဟု မိဘများမှ တဆင့် သိရသည် ၊၊

Leave a Reply

Your email address will not be published. Required fields are marked *