ရန်ကုန်မြို့တော်ဝန် အဖြစ် လျှို့ဝှက်စွာ လျာထားခြင်း ခံရသူ

လာမည့် ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရအဖွဲ့၏ မှတ်တမ်းများအရ ရန်ကုန်မြို့တော် မြို့တော်ဝန်အဖြစ် လူငယ်တစ်ဦးအား ရွေးချယ်ထားကြောင်း ကြောင်ဆယ်ကောင် သတင်းမီဒီယာ ဌာနမှ စုံစမ်းသိရှိလိုက်ရပါသည်။
စုံစမ်းထားရသော အချက်အလက်များ ၎င်းပုဂ္ဂိုလ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့ပြစီမံဌာနခွဲ (Urban Planning Division) စတင်ဖွဲ့စည်းရန် ကာလတွင်းက ယင်းဌာနအတွက် နည်းပညာပိုင်း၊ ပညာရပ်ပိုင်းများ ထောက်ပ့ံပေးရာတွင် ပါဝင်ခဲ့ပြီး ကျား၊မရေးရာ၊ မြေယာကဏ္ဍများနှင့် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာများတွင် လေ့လာလိုက်စားထားကြောင်း သိရပါသည်။ အဆိုပါ ပုဂ္ဂိုလ်အား ဆက်သွယ်စုံစမ်းရာ စနေနေ့ ဖြစ်နေပါ၍ နောက်မှ ဆက်သွယ်ရန်နှင့် အသစ် ဖြစ်လာမည့် အစိုးရအဖွဲ့ကလည်း တရားဝင် ဆက်သွယ်လာခြင်း မရှိသေးသည့်အပြင် အိပ်နေတုန်း နောက်တစ်ခါ လာဆက်သွယ်ပါက ဆဲလွှတ်မည် ဖြစ်ကြောင်း ပြန်လည် ဖြေဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *