မြန်မာပြည်ရဲ့ ပထမဆုံး အချိန်ခရီးသွားသူ

ရုပ်ရှင်ဆန်ဆန်သဘာဝလွန်ဖြစ်ရပ်တွေကို မယုံလို့မရတဲ့ အထောက်အထားတွေဟာလဲ တကယ်ယုံချင်စရာကောင်းလောက်အောင်ရှိနေတတ်ပါတယ်။ဇာတ်ကားတွေထဲမှာ အချိန်ခရီးသွားတဲ့ စူပါပါဝါ ရှိတဲ့ ဟီးရိုးတွေကို မြင်ဖူးကြမှာပါ။အခုပြောပြပေးချင်တာကတော့ အချိန်ခရီးသွား ကိုဝေလင်းအောင်ရဲ့အကြောင်းပါ။ပြင်ဦးလွင်မြို့ ၂၁မိုင်ကျေးရွာမှာနေထိုင်တဲ့ ကိုဝေလင်းအောင်ဆိုသူကတော့ သူဟာ အချိန်ကိုခရီးသွားခဲ့တယ်လို့ အခိုင်အမာပြောကြားထားသူပါ။
သူဟာ အေဒီ ၁ရာစုမှာ အိမ်အနောက်က ရေချောင်းထဲကို ခုန်ချပြီး အခု ၂၀၂၀ ခုနှစ်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ ရောက်ရှိခုနှစ်ဖြစ်တဲ့ ၂၀၂၀ မှာ ဘာသာပေါင်းစုံဘာသာပြန်နိုင်တဲ့ လူဖြစ်ဖို့ကြိုးစားခဲ့ရင်း ဒီနည်းလမ်းကိုရှာတွေ့ခဲ့တာပါ။ အခုလက်ရှိမှာတော့ သူဟာ ဝလောင်ဆိုတဲ့ နာမည်နဲ့ မြန်မာ အင်္ဂလိပ် ထွမ်စလိတ်တာ လုပ်ကိုင်လျက်ရှိပါတယ်။ အေဒီ ၁ရာစုမှာ မနေချင်ရချင်းအကြောင်းအရင်းများလဲ သူ့မှာရှိနေပါတယ်။ သူရဲ့ပြောကြားချက်အရ ထို ခေတ်မှာ တစ်နာရီကောက်ညှင်းဆန်အရက်မပေါ်သေးတာဖြစ်လို့ ဘယ်တော့မှ အေဒီ ၁ရာစုကို ပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက် ကို ပရိတ်သတ်ကြီးက အောက်မှာ ဝေဖန်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *