များမကြာမီ ကာလတွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်နိုင်ဖွယ်ရှိသည်ဟု ကိုရဲမှ ပြောကြား

ယခု လူမှုကွန်ရက်ပေါ်တွင် မကြာခနဆိုသလို ဝင်ဝင် ဆဲဆိုလျက်ရှိသော ကိုရဲသည် မကြာခင် ကာလတွင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေလျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည့် အတွက် ကိုရဲအား မေးမြန်းရာတွင် ကိုရဲက “ကျွန်တော် အခုလောလောဆယ်တော့ ကျွန်တော်လက်ရှိလုပ်နေတဲ့ အရာကိုပဲ လုပ်နေမှာပါ။ အနာဂတ် က အနက်ကာ ထားတာလေ ဘယ်နေ့ ဘာဖြစ်မယ်မှန်း မှ မသိရတာ အကယ်၍ နိုင်ငံရေး အသိုင်းအဝိုင်းထဲ ဝင်ဖြစ်တယ် ဆိုရင်တောင် မှ ကျွန်တော့် အသက်အရွယ်နဲ့ ရင်ဘောင်တန်းပြီး ဆဲဆို နိုင်မယ့်လူ မရှိသေးဘူးလေ အဲ့တချက်တော့ စဉ်းစားရတာပေါ့ အခက်အခဲ ကတော့ မရှိလောက်ပါဘူး အဓိက က မိဘရယ် တော်ကီရယ် ပိုင်ရင် ရပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *