အမြဲ ချစ်စရာကောင်းနေတဲ့ သင်းသင်းအောင်ကတော့ သူ့နေရပ်ဇာတိ ဗန်းမော်မှာလည်း မန်းလေးမှာနေတုန်းကလိုပဲ ရုပ်ချောနေဆဲဖြစ်ကြောင်း အသိပေးလိုက်ပါတယ် ။ဒါကလည်း ဒီလိုပါ
ဗန်းမော်မှာက ဓာတ်ပုံရိူက်ပေးမယ့် သူငယ်ချင်းတွေလည်း မရှိလို့ ပုံသိပ်မတင်ဖြစ်တော့ အသိပေးရတာပါတဲ့ ။
ရုပ်ချောမှုတွေနဲ့ ရှင်သန်နေထိုင်ရတာကလည်း တစ်နေ့မှာ လီမင်ဟိုနဲ့ ပေါင်းဖက်တဲ့အခါကြရင် ပိုမိုလိုက်ဖက်နေဖို့သာဖြစ်ကြောင်း ပြောကြားရင်း
ဗန်းမော်ကိုလည်း လာလည်ကြပါဦးလို့ သူက Myanmar အချောလေးများ mediaကိုပြောကြားခဲ့ပါတယ် ။