ဘယ်သူဘယ်လိုပြောပြောသောက်ကျင့်မပျက်ကြရန် စည်တခွက်500ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် သခင်စွန်းပြောကြား

Social Distancingတွေအားကောင်းပြီး တားမြစ်မှုတွေပြင်းထန်လာတဲ့ခရစ်နှစ်2020ကုန်ခါနီးလပိုင်းတွေမှာ မိမိတို့
သောက်နေကျ သောက်ကျင့်လေးတွေ အပျက်မခံသင့်ကြောင်း
ဆိုင်ထိုင်မသောက်ရပါကလည်းးပါဆယ်ဆွဲအိမ်တွင်ခွက်ပုန်းချနိုင်ကြောင်း စည်တစ်ခွက်500ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးသခင်စွန်းက ကနေ့ည၈နာရီမှာ ညတိုင်းမူး သတင်းဌာနသို့
ပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲကော်မတီအဖွဲ့ဝင် ဦးဇင်ကိုကလဲ ထိုသို့သောက်နေစဉ်မှာရေလေးတော့ရောသင့်ကြောင်း
ရောမရောရင် အသေစောမည် ဖြစ်ကြောင်းစေတနာသုံးတန်ပြတ်သားစွာသတိပေးပြောကြားခဲ့ပါတယ်။ထို့ပြင် BE,တောအရက်,
အရက်ဆီများကိုပါသောက်သုံးခဲ့ဖူးသည့်ကိုတိုးကလဲ ‘အရက်သည်ကောင်းလွန်း၍ လူတိုင်းနှင့်မတန်’ကြောင်းပြောခဲ့ပြီး လည်ချောင်းနာတိုင်း ဆနွင်း2ဇွန်း အရက်တစ်ပက် ရောသောက်ခဲ့ရာ
လည်ချောင်းနာရောဂါယူပစ်သလိုပျောက်သွားဖူးသည့် ဦးဝမ်း ဆိုသူကလည်း ယခုလိုStay homeကာလတွင် မူးပြီးအိပ်နေခြင်းဖြင့် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

Source-ရွှေဒုံသားလေးကသွေး(everမူး ဂျာနယ်)

Leave a Reply

Your email address will not be published. Required fields are marked *