ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှာ တစိုက်မတ်မတ်လေ့လာခဲ့ပြီး ဟိုတယ်လုပ်ငန်းဆိုင်ရာ အကြံပေးအရာရှိတစ်ဦးအနေနဲ့ အောင်မြင်ရုံသာမက ဂျပန်နိုင်ငံနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများတွင်ပါ တာဝန်ယူဆောင်ရွက်နေသော Sara San ကတော့ မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ အချစ်ရေးနဲ့ လူမှုရေးဆိုင်ရာကိစ္စရပ်များကြောင့် နိုင်ငံရပ်ခြားမှာပဲအခြေချတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်
ဒီကနေ့မှာတော့ Sara Sanနဲ့ interview ရာမှာ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်
ဒါ့အပြင် ”မပိုင်ဆိုင်ချင်တော့ပေမယ့် မုန်းသွားတဲ့ဆက်ဆံရေးမျိုးမဟုတ်တဲ့အခါ ပျော်နေတာမြင်ရလဲပျော်ရပါသေးတယ်။ ကိုယ်သိပ်ချစ်တဲ့ အမှတ်တရတွေအပြည့်နဲ့ ဒီမြေကို ဘယ်စွန့်ခွာနိုင်ဦးမလဲ”လို့ ရယ်ရယ်မောမော ဖြေသွားခဲ့ပါတယ်။