တုန်တုန်တက်ချစ်ရသော ဘဲဥလေးအား Online Shopping တွေလျှောက်မမှာရန် ဂိမ်းဆော့နေချိန်မနှောက်ယှက် ရန် ဖိုးညီမှ သတိပေး

မ​​ကြာသေးခင် အချိန်ကာလအတွင်း သူတပြန်ကိုယ်တပြန် ကျားတပြန် ဖားတပြန် ချကြ နှက်ကြပီး ပျက်မယ် ဆဲမယ် လုပ်ရင် ပြန်တည့်သွားသော ချစ်သူလေး ဘဲဥ ကို ကိုဗစ်ကာလ အသုံးအစွဲလျှော့ရန် မလိုအပ်တာတွေ မဝယ်ရန် ဂိမ်းကစားသည်မှာ အစိတ်အပန်ပြေရန်အတွက် ဖြစ်ပီး မနှောက်ယှက်ရန် သတိပေးတားမြစ်ခဲ့ပါတယ်။
ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပိုချစ်လာသည်ဖြစ်ကြောင်း အလုပ်မအားသဖြင့် စာမပြန်တာ ဖြစ်ကြောင်း အရစ်ကို အကြာကြီး မထစေချင်ကြောင်း အကြာကြီး လက်တွဲသွားချင်ကြောင်း ကိုဗစ် ကာလအမြန်ပီးလျှင် တွေ့ချင်နေပီး ဖြစ်ကြောင်း messenger တွင် အာဘွားစတေကာ ဖြင့် ကတိပေးပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *