တက်သစ်စအနုပညာရှင် ဖြိုးသက်တင်တစ်ယောက် သူ၏ကောလဟလများကိုဖြေရှင်း

တက်သစ်စအနုပညာရှင်ဖြစ်သူ ဖြိုးသက်တင်က အခုတလော လူမှုရေးကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဟိုတယ်တစ်ခုရဲ့ ရေကူးကန်မှာ သူနဲ့ကောင်မလေးတွေတွဲရိုက်ထားတဲ့ ဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး အခုလိုပဲ ရှင်းပြထားပါတယ်။ ” သြော်…ဟုတ်ကဲ့ အခု အင်တာနက်မှာ ​​ပျံ့​နေတဲ့ ကျွန်တော့်ရဲ့ပုံတွေနဲ့ ပတ်သက်လို့ပြောရရင် ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ ရေသွားကူးကြရင်း အပျော်အနေနဲ့ အမှတ်တရရိုက်ကူးခဲ့တဲ့ ပုံလေးတွေပါ။ အဲ့ဒါ သူငယ်ချင်းတစ်ယောက်က စနောက်ပြီးတင်လိုက်ရင်း ဘယ်လိုပွသွားမှန်း မသိပါဘူးဗျာ။ ဒီလိုပဲပေါ့ဗျာ ကျွန်တော်လည်း အနုပညာရှင်ဆိုပေမယ့် လူပဲလေ။ သာမန်လူတွေလိုပဲ ပျော်မယ် ပါးမယ် စမယ် နောက်မယ်ဆိုတဲ့ ကိုယ်ပိုင်အချိန်လေးတွေတော့ ရှိတာပဲပေါ့ဗျာ။ ဒါ့ကြောင့် တခါတလေတောင် ညည်းဖြစ်တယ် လူတွေသိတဲ့ အားပေးတဲ့ အနုပညာရှင်တောင် မဖြစ်ချင်တော့ဘူးလို့။ ခုလည်း စိတ်မပူကြပါနဲ့ အားလုံးထင်သလိုမဟုတ်ပါဘူး ကျွန်တော့် သူငယ်ချင်းအရင်းကြီးတွေနဲ့ ရိုက်ထားတဲ့ အမှတ်တရပုံလေးပါ။ ပြီးတော့ ကျွန်တော်ကလည်း အခုထိတစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေဆဲပါ ” လို့ ရယ်မောပြောဆိုပြီး သူနဲ့ပတ်သက်တဲ့ ကောလဟလတွေကို ရှင်းပြသွားပါတယ်။ ဒီအင်တာဗျူးလေးရဲ့ အောက်မှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ သူ့ရဲ့ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *