စိုင်းစိုင်းခမ်းလှိုင် နောက်တယောက် ပေလော ? ? ?

( Covid ကာလ StayHome နေရသည့် ကာလ အတောအတွင်း ဆယ်လီ သတင်းများကို အချိန်နှင့်တပြေးညီ ပရိသတ်များကို တင်ဆက်နိုင်ရန်
ကျွန်တော်တို့ သတင်းဌာနမှ အမြဲ ကြိုးစားလျက် ရှိပါသည်။ )
ယခုလဲ နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကဲ့သို့ ဖြစ်လာနိုင်ချေရှိသည့် သူတယောက် ပဲခူးမြို့တွင် ရှိနေပြီဟု သတင်းရသဖြင့် ကျွန်တော်တို့ သတင်းဌာန မှ ပဲခူးမြို့အပြေးအလွှား သွားရောက် သတင်းယူ တင်ဆက်လိုက်ရပါသည်။

အသက် အားဖြင့် ၂၈ဝန်းကျင်၊အသားဖြူဖြူ၊အရပ်ရှည်ရှည် ဖြင့် ထိုသူအား အဝေးမှ ကြည့်ရုံဖြင့်ပင် စိုင်းစိုင်းခမ်းလှိုင် လို့ပင် ထင်မှတ်မှားမိသည်။
အဆိုပါ သူနဲ့ စကားပြောမိရာတွင်
” ဟုတ်ကဲ့ အကိုတို့ သတင်းဌာနက ပထမဆုံးပါပဲ နောက် သတင်းဌာနတွေအင်တာဗျူးဖို့ တန်းစီ‌နေတာ ဆယ်ခုလောက်ရှိပါ‌သေးတယ်။”
“ကျွန်တော့် ရုပ်ရည် ဒီဇိုင်း အသံအနေအထားအရ စိုင်းစိုင်း နဲ့တူတယ် လို့ ပြောနေကြတယ် ထင်ပါတယ်ဗျာ။”
“စိုင်းစိုင်းလို အသက်လေးဆယ်ရောက်နဲ့ထိ ကျွန်တော့အရည်အချင်းကို ထိန်းထားနိုင်မယ် လို့ ယုံကြည်ပါတယ် ”
“စိုင်းစိုင်း နဲ့ တူလွန်းလို့ ကျွန်တော့ သူငယ်ချင်းတွေကတောင် နာမည်ပြောင်ပေးထားသေးတယ်ဗျာ ။”
” ကဲ တခြားအင်တာဗျူးတွေ ‌‌ ဖြေရဦးမှာမို့ ဒီလောက်ပါပဲ အကိုတို့ ”
ဟု ပြန်လည်ဖြေကြား ၍
ကျွန်တော်တို့လဲ ပြန်ရန်ပြင်ဆင်ရတော့သည်။

စိတ်ထဲ မရှင်း၍
ကျွန်တော်မှ ” နောက်ဆုံးတခွန်းပါပဲ။
အကို့သူငယ်ချင်း‌တွေခေါ်တဲ့ နာမည်ပြောင် လေး ဖြေပေးလို့ရမလား ” ဟု မေးရာ သူ ပြန်ဖြေလေသည်။

” ဘစိုင်းကဲ့သို့ သေးပေါက်ရန်သာ အသုံးဝင်သူ ”
ဟူသတတ်။ ။။

Leave a Reply

Your email address will not be published. Required fields are marked *