စိုင်းစိုင်းခမ်းလှိုင်ရဲ့ ကောင်မလေးဖြစ်တဲ့ မန်းမြေက ခိုင်မြသဇင်ကြွယ်ဆိုတဲ့ မန်းသူလေးဟာ စိုင်းစိုင်းဖေ့ဘုတ်က ပုံကိုကြည့်ရင်း စိတ်တိုနေပါတယ်။ စိုင်းစိုင်းက စာအုပ်ကို မှောက်ထားလို့ပါ။
“စာအုပ်ကို အဲဒီလိုမလုပ်ပါနဲ့လို့ ဘယ်နှခါပြောပြော မှတ်မထားဘူး
Bookmarkတွေလုပ်ပေးထားတာ သုံးလေ .. စိတ်ကောက်ခံချင်ပြန်တာလား 😏🙄” လို့ ခိုင်မြသဇင်ကြွယ်က ရေးထားပါသေးတယ်။ ကောင်မလေးက စာချစ်သူ စာပေအသိုင်းအ၀ိုင်းကမို့အဲလိုလုပ်တာ မကြိုက်တာပါ။ ကဲစိုင်းစိုင်းရေ ကောင်မလေး စိတ်ဆိုးနေပြီ ချော့လိုက်ပါဦးနော်။