ကျွန်တော်သိသေ ာအလင်္ကာကျော်စွာကိုပေါ့ဘာ

ပေါ့ဘာအကြောင်းပြောမယ်ဆိုရင်သူ့ရဲ့ဂီတသမိုင်းကြောင်းကိုချန်ထားလို့မရဘူး..အဖြစ်ပျက်လေးတစ်ခုပေါ့ ထိုချိန်က ပေါ့ဘာရဲ့တပည့်ရင်းမောင်ငှက်ကြီးတစ်ယောက်နာရီပေါ်ကမျက်ရည်စက်များဆိုပြီးဂီတ‌လောကမှာမီးဟုန်းဟုန်းတောက်နေတဲ့ချိန်။ စီးရီးလည်းမထုတ်ချင်နာမည်လည်းမကြီးချင်တဲ့ကိုပေါ့ဘာတစ်ယောက် မိန်ကလေးအဆောင်များရှေ့ဂစ်တာလိုက်တီးရင်းနှင့်ပင်အချိန်ဖြုန်းနေခဲ့တယ်။ (ထိုစဉ်ကပေါ့ဘာအားဂစ်တာကိုပေါ့ဟုသာအများသိကြသေးသည်)

ဒီလိုနဲ့တစ်နေ့ ချာတိတ်လေးတစ်ယောက်ကသူ့ရဲ့တေးစီးရီးသစ်အယ်ဘမ်တစ်ခုကိုဝေဖန်ပေးဖို့ကိုငှက်ကြီးခေါ်ထူးအိမ်သင်ထံရောက်လာခဲ့သည်။(နောင်တစ်ချိန်မှသိရသည်မှာထိုချာတိတ်လေးသည် မာရဇ္ဇဟူ၍တည်း) ဒီလိုနဲ့ သီချင်းသုံးလေးပုဒ်ခန့်နားထောင်အပြီးမှာတော့ ထူးအိမ်သင်လည်းဂစ်တာကိုပင်လက်ကမချဘဲတစ်ခွန်းတည်းပြောလိုက်တယ် “မင်းကိုပေါ့ဘာကိုဖွင့်ပြပြီးပြီလား။” ချာတိတ်လေးလည်းမျက်လုံးပြူးသွားလေသည်။ မိမိဂီတနတ်ဘုရားတစ်ပါးဟုထင်ထားသည့် ပုဂ္ဂိုလ်ကတခြားတစ်ယောက်နာမည်ပြောလိုက်၍ ခဏတော့ကြောင်သွားလေသည်။ ပြီးမှသတိလည်လာသည့်ဟန်ဖြင့်ဖွင့်မပြရသေးကြောင်းပြောလေသည်။ “ကိုပေါ့ဘာနားမထောင်ရသေးရင်ငါမဝေဖန်ရဲဘူး” ဆိုပြီးဂစ်တာကိုသာတီးတောင်တီးတောင်ပြန်တီးနေလေသည်။ နောက်စကားကြောင့်ချာတိတ်လေးပို၍အံအားသင့်ပြန်ရလေသည်။ပါးစပ်အဟောင်းသားနှင့် ဟုတ်..ဟုတ် ဟုသာပြောပြီးကက်စက်လေးအသာသိမ်းရင်း ပေါ့ဘာနေထိုင်ရာ ခြံအမှတ်၇၈၆ တက္ကသိုလ်ရိပ်သာလမ်းသို့ဆက်လက်ထွက်ခွာခဲ့လေသည်။

သီချင်းအားလုံးပီးလို့ကက်စက်သာပိတ်လိုက်ရသည်ပေါ့ဘာစကားတစ်ခွန်းမှမဟခဲ့။ မျှော်လင့်တကြီးရောက်လာတဲ့မာရဇ္ဇတစ်ယောက်လည်းခပ်သိုသိုပင်ပြန်လာခဲ့ရလေသည်။ စိတ်ထဲမှာတော့နာကြည်းချက်ကအပြည့်။ ဒီဘဲကဘာကောင်လည်းငါ့ကိုအဖက်တောင်မလုပ်တာလားပေါ့အတွေးပေါင်းများစွာမုန်းတီးမှုကတစ်ဝက်နဲ့ကြိုးစားလိုက်ရာ မာရဇ္ဇဆိုတဲ့နာမည်တစ်ခုပရိသတ်ပါးစပ်ဖျားရောက်လာတဲ့ထိကြိုးစားနိုင်ခဲ့သည်။

ဒီလိုနဲ့ နှစ်အနည်းငယ်အကြာ ဂီတပွဲတစ်ခုမှာ ပေါ့ဘာနဲ့မာရဇ္ဇတို့ ဒုတိယအကြိမ်ဆုံခဲ့မိကြသည်။ မာရဇ္ဇကိုမြင်မြင်ချင်း “ဟေ့ ဟေ့ချာတိတ်..မင်းစီးရီးဘယ်လိုဖြစ်သွားလဲကွ” ပေါ့ဘာရဲ့ အမေးကြောင့်မာရဇ္ဇတင်းသွားသည်။ ခင်ဗျားခုတော့မေးပြီပေါ့ဟုအစချီကာသူဖွင့်ပြစဉ်ကစကားပြန်မပြောခဲ့သည်မှစပြီးမုန်းတီးခဲ့မိကြောင်းပြောလေသည်။

ပေါ့ဘာလည်း “ဟာ” ဟု တစ်ခွန်းသာထွက်နိုင်တော့သည်။ “ဒီမယ်ကောင်လေးမင်းသီချင်းတွေကောင်းတယ်။ သို့ပေမင့်ငါဘာမှမပြောမဝေဖန်တာဂီတဘာသာခြင်းမတူလို့ပဲ”ဟုအစချီကာ အကျယ်တဝင့်ရှင်းပြလေတော့မှမာရဇ္ဇတစ်ယောက် သူ၏အထင်မြင်လွဲမှားမှုကိုတွေးချင့်မိ၍ အလွန်အားနာသွားကာ ဦးသုံးကြိမ်ချဝန်ခံကန်တော့လေတော့သည်။ထိုမှစ၍ ကိုယ်နဲ့မတူတဲ့ဂီတဘာသာတစ်ခုကိုမဝေဖန်သည့် ကိုပေါ့ ဆိုကာဘဝတစ်လျောက်လုံးလေးစားနေမိတော့သည်။

#မာရဇ္ဇအင်တာဗျူးတစ်ခုမှပြန်လည်တင်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *