သရုပ်ဆောင်၊ အဆိုတော် မင်းပြည့်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။ မင်းပြည့်က ဘာသာရေးကိုလည်း အထူးပြုလုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်သလို သူ့ရဲ့ချစ်သူ ဂျီဟိုနဲ့လည်း သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ရွှေလက်တွဲလိုက်ကြပြီဖြစ်တဲ့ မင်းပြည့်တို့ ချစ်သူနှစ်ယောက်ကတော့ တစ်အိမ်တည်းနေပြီး မိသားစုဘဝလေးကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ကိုယ်ဝန်လွယ်ဆောင်ထားရပြီဖြစ်တဲ့ ဂျီဟိုက ကိုယ်ဝန်ဆောင်နေလည်း အိမ်အလုပ်တွေကို မနားတမ်းလုပ်နေတာကြောင့် မင်းပြည့်က “ဗိုက်ကြီးသည်ဖြစ်သွားလည်းပြောမရဘူး ကူလည်းလုပ်လို့မရဘူး။ ယောက်ျားအဝတ်စားတွေဘောင်းဘီတွေလည်းယူယူဝတ်နေတယ်
မနားနိုင်သေးသောဗိုက်ကြီးသည် စကားအများကြီးလည်းပြောတယ်” ဆိုပြီး အိမ်သူသက်ထားအကြောင်းကို ပြောပြလာပါတယ်။
မင်းပြည့်နဲ့ ဂျီဟိုတို့ကတော့ ဒီကနေ့မှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ကြပြီး မကြာခင်မှာလည်း ရင်သွေးလေးကို ပိုင်ဆိုင်ဖို့ ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ်။ မင်းပြည့်တို့ ဇနီးမောင်နှံနှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ channel34news ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။